Tuesday, September 3, 2013

မလေးရှားရှိ သံဃာတော်များထံတွင် မြန်မာအေးဂျင့်တစ်ခုက ငွေလိမ်လည်မှုများရှိနေ

အတွေးသစ် အမြင်သစ်များ သို့  ..... | 9:40 PM | Best Blogger Tips



မလေးရှားနိုင်ငံသည် အစ္စလာမ်ဘာသာဝင် နိုင်ငံဖြစ်သည့်အတိုင်း မလေးရှားရောက် မြန်မာသံဃာတော်များသည်လည်း ကာလရှည်ဗီဇာ (long stay visa) ရရှိရေး၊ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်များရဲ့ စိတ်အနာများကို ဘာသာခြားများကြားတွင် တရားဆေးဖြင့် တိုက်ကြွေး ကုသပေးရေးကိစ္စများမှာ အကြပ်အတည်းနဲ့ ရင်ဆိုင်ကြရပါသည်။ မလေးရှားနိုင်ငံတွင် မြန်မာရဟန်းတော်များအဖို့ ဗီဇာ ပါမင့်ရရှိရေးမှာ အလွန်ခက်ခဲလှပါသည်။ အစ္စလာမ်နိုင်ငံတွင် ရုံးကနားများကို ရဟန်းတော်များက ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ဗီလျှောက်ထားရန်မှာ မလွယ်ကူလှသဖြင့် ဗီဇာပါမင့်ရရှိရန် မြန်မာအေးဂျင့်များကို အားကိုးအားထားပြုကြရပါသည်။ သို့သော်လည်း ဗုဒ္ဓဘာသာဆိုသူ မြန်မာအေးဂျင့်တစ်ခုမှာ မလေးရှားတွင် ရက်ရှည်ဗီဇာ ရလိုသောရဟန်းတော်များထံတွင် ငွေကြေးအမြောက်အများလိမ်လည်လျက်ရှိနေပါသည်ဟု ကြားသိရပါသည်။ 

ကိုတာရာယာရှေ့ ( မြတ်သုခ စားသောက်ဆိုင်)မှာ သံဃာတော် ၇- ပါးထံတွင် ပါတ်စပို့ ပါမင့်လျှောက်ထားဖို့ အတွက် ရဟန်းတော်များထံမှ ငွေကြေးများရယူထားကာ ပါတ်စပို့တင်မပေးဘဲ စာအုပ်ကို လက်ဝယ်သိမ်းဆည်းထားကာ ငွေကြေးများလိမ်လည်ရယူထားလျက်ရှိပါသည်ဟုဆိုပါသည်။ “မြွေပါလည်းဆုံး၊ သားလဲဆုံး“ဆိုသလို မိမိပါတ်စပို့တွင် ပါမင့်လည်းမရှိ၊စတစ်ကာလဲမပါဘဲ၊ အေးဂျင့်ထံမှ ငွေလည်းပြန်မရသကြသဖြင့် ပြည်တော်ပြန်ရန် အလွန်အခက်ရောက်နေသည့် သံဃာတော်များစွာလည်း ရှိနေကြပါသည်ဟု မလေးရှားတွင် ကိုယ်တိုင် ပြဿနာကြုံတွေ့နေရသည့် ရဟန်းတော်တစ်ပါးက ပြောပြပါသည်။ ၄င်းကိုတာရာယာရှေ့ မြတ်သုခ စားသောက်ဆိုင်မှာ ပြန်အမ်းငွေရရှိရန် သွားယူသည့် သံဃာတစ်ပါးကို ပြန်လည်ခြိမ်းခြောက်ခြင်းများ၊ အချိန်ဆွဲထားခြင်းများလဲ ပြုလုပ်ခဲ့ပါသည်။ ဤသို့ ရိုင်းစိုင်စွာ သံဃာတော်များအပေါ် ဆက်ဆံသည့် ဆိုင်ပိုင်ရှင်ကို မလေးရှားရှိ မြန်မာသံရုံးနှင့် ဆိုင်ရာ လူမှုအဖွဲ့အစည်းများက သတိပေး အရေးယူပေးမှုများ ပြုလုပ်ပေးသင့်သည်ဟု ၄င်းရဟန်းတော်က မိန့်ကြားပါသည်။

ဆက်သွယ် စုံးစမ်းရန်
အရှင်နာဂသေန
ဖုန်း (+၆၀) ၀၁၂၄ ၉၃၁ ၈၈၅
မလေးရှားနိုင်ငံ

0 comments :

 

Popular Posts

itknowledge. Powered by Blogger.