Tuesday, September 3, 2013

တရုတ်ကျင်ပိ စော်ကားတာခံလိုက်ရတဲ့ မြန်မာအမျိုးသမီးလေး ဖြူစင်သန့် 

အတွေးသစ် အမြင်သစ်များ သို့  ..... | 9:56 PM | Best Blogger Tips


မဖြူစင်သန့် သည်တရုတ်လူမျိုးဆိုင်မှ တရုတ်ဘာသာပြန် အလုပ်ခေါ်ထားသည့် ဆိုင်းဘုတ်အရ အလုပ်လျှောက်ခဲ့သည်။

ဆိုင်ရှင်ကျင်ပိနှင့် အနည်းငယ်အင်တာဗျူးပြုလုပ်အပြီးတွင် အလုပ်ခေါ်ဆိုင်းဘုတ်မှအလုပ်နှင့် မတူပဲ ရွှေလီမြို့ ဆံပင်ညှပ်ဆိုင်တွင် အလုပ်ပေးမည်ဟုဆိုသည်၊ ရွှေလီသို့ သွားရောက်အလုပ်မလုပ်ကိုင်ခင် ရန်ကုန်သို့ သွား၍ Passport လုပ်ဆောင်ရမည်ဟု ဆိုင်ရှင် ကျင်ပိကပြောကြားရာ မဖြူစင်သန့် နှင့်အတူ ဆိုင်မှ အခြားအလုပ်လျှောက်သူ သုံးဦး (အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး)တို့ သည် တရုတ်ကျင်ပိ အစီအစဉ်ဖြင့် ရန်ကုန်ုသို့ ရောက်ရှိခဲ့သည်။

ကျင်ပိက အားလုံး၏ မှတ်ပုံတင်များကို တောင်းယူကာ စမ်းချောင်းမြို့ နယ်အတွင်းရှိ ကန်ထရိုက်တိုက်တစ်ခုထဲတွင်တည်းခိုရန် ထားခဲ့သည်။ အမျိုးသားအမျိုးသမီးရောနှောနေရာတွင် အဆင်မပြေခဲ့သော်လည်း ကျိတ်မှတ်နေခဲ့ကြရသည်။
ထိုနေ့ ညတွင် အရက်မူးလာဟန်ရှိသောကျင်ပိက ဖြူစင်သန့် အားခေါ်ယူကာ ဧည့် စရင်းတိုင်မည် ဟူ သော အကြောင်းပြချက်ဖြင့် အိမ်မှ ခေါ်ထုတ်သွားခဲ့သည်။ အိမ်မှ ခေါ်ထုတ်သွားခဲ့သည်။ ထို့ နောက် အသင့်စောင့်နေသော တက္ကဆီဖြင့် သူမပြန်မပြောပြတတ်သည့် တည်းခိုခန်းသို့ ခေါ်ဆောင်သွားသည့်အတွက် ကျင်ပိအားမေးမြန်းရာ “ဧည့်စာရင်းတွေသောင်းကျန်းနေတယ်၊ နင်နဲ့ ငါနဲ့ ဧည့်စာရင်းမရဘူး၊ ညလာဖမ်းရင် အကုန်ရှုပ်ကုန်မယ်” ဟုအကြောင်းပြခဲ့သည်။ မဖြူစင်သန့် က သီးသန့် အခန်းငှားပေးရန်ပြောရာ ပိုက်ဆံမလောက်ဟုဆိုကာ တစ်ခန်းသာငှားခဲ့သည်။ ကျင်ပိက ကုတင်အောက်တွင် အိပ်မယ်ဟုပြောပြီး သူမအား ကုတင်အပေါ်တွင်အိပ်စေကာ အရက်ဆက်သောက်နေခဲ့သည်။ သူမမအိပ်ရဲသောကြောင့် အတင်းကျိတ်မှတ်နေခဲ့သော်လည်း ခန့် မှန်း ည ၁၂နာရီကျော်အချိန်ခန့် တွင် ခရီးကလည်း ပန်းလာသောကြောင့် တစ်မှေးအိပ်ပျော်သွားခဲ့သည်။ ပြန်လန့် နိုးလာသည့်အချိန်တွင် သူမအား ကျင်ပိ အဓမ္မပြုကျင့်နေသောကြောင့် အော်ဟစ်ရုန်းကန်ရန်လုပ်ရာ သတ်ပစ်မည်ဟုခြိမ်းခြောက်သောကြောင့် ကြောက်လန့် သည်ကတစ်ကြောင်း၊ တစ်ခါမှ မရောက်ဖူးသော ရန်ကုန်မြို့ တွင် သိမ်ငယ်၍ကြောက်စိတ်ဝင်နေသည်တစ်ကြောင်း ကျိတ်မှိတ်ခံလိုက်ရသည်။ ထို့ နောက် ကျင်ပိက “တခြားလူကို ပြောရဲရင်ပြောကြည့်၊ တစ်ကောင်မှ မန္တလေးပြန်မရောက်စေရဘူး” ဟုခြိမ်းခြောက်ခဲ့သည်။

နောက်ရက်တွင် နှစ်ညဆက်တိုက် ထိုတည်းခိုခန်းသို့ ခေါ်ဆောင်ကာ ထပ်ခါ ထပ်ခါမုဒိမ်းကျင့်ခဲ့သည်။ ထို့ နောက်သုံးရက်မြောက်နေ့ တွင် ၄င်းတို့ လေးဦးစလုံးကို မန္တလေးသို့ ခေါ်ဆောင်သွားပြီး နောက်တစ်လခန့် နေမှ Passport ရမည်ဖြစ်ကြောင်းနှင့် ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သင့်ကြောင်း ပြောဆိုကာ ဆိုင်တွင် ဆံပင်ညှပ်သင်တန်းယခုအချိန်ထိပေးထားကြောင်း သတင်းရရှိသည်။ ဖြူစင်သန့် မှာ ရဲမတိုင်ရဲဖြစ်နေသောကြောင့် မောင်ဥသြနှင့် တွေ့ ဆုံစဉ် အဖြစ်အပျက်ကို ပြောပြရာ အကျဉ်းခြုံး၍ပြန်လည် တင်ပြအပ်ပါသည်။

ဖြစ်စဉ်အား ရင်ဖွင့်သည့် ညီမလေး ဖြူစင်သန့် အား စာနာမိပါသည်။
အများသိအောင် Share ပေးချင်ဖြင့် နှမချင်းစာနာစိတ်ကို ပြသကြပါ။

(ဓါတ်ပုံ : အရိန္ဒမာ)
သတင်းသမားလေး မောင်ဥသြ

from: မောင်သစ္စာ

မရှိဘူး လို့  ခံ ယူနေ သမျှတော့ ဘာမှ ရှိလာမှာမဟုတ်ဘူး ....

0 comments :

 

Popular Posts

itknowledge. Powered by Blogger.