Thursday, September 12, 2013

Huawei G610-U00 အတွက် CWM recovery သွင်းနည်းနဲ့ Stock recovery သွင်းနည်း

အတွေးသစ် အမြင်သစ်များ သို့  ..... | 12:31 AM | | Best Blogger Tips


ဒီတစ်ခါ Huawei G610-U00 twGuf cwm recovery တင်နည်းနဲ့ 
stock recovery ပြန်ပြောင်းနည်းကို ဖော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ...
အရင်ဦးဆုံး ဒီပို့စ်လေးအတွက် ကိုဖြိုးညီညီ နဲ့ ကိုငလူ တို့ကို
credit ပေးပါတယ်ဗျာ....သူတို့တွေရဲ့ ကျေးဇူးကြောင့်သာ ဒီပို့စ်လေး
ဖြစ်လာတာပါ..stock recovery ကိုပြန်ပြောင်းတဲ့နည်းလေးကိုဖော်ပြရတဲ့
အကြောင်းကတော့ G610-Uoo မှာ cwm recovery (custom recovery)
 တင်ပြီးသွားတဲ့အခါမှာ firmware ကို dload folderကိုထူးထည့်ပြီး
တင်နည်းနဲ့လုံးဝတင်လို့မရတော့ပါဘူး...သာမန်အရတော့အဲဒီလိုနည်းနဲ့
တင်လို့ရပေမယ့် အခု ဒီG610-U00 မှာတော့မရတော့ပါဘူးဗျာ...
volume down+volume up+power ကို နှိပ်လိုက်တဲ့အခါမှာ.. cwm mode ထဲကိုပဲရောက်သွားပြီးတင်လို့မရတော့ပဲဖြစ်တတ်လို့ပါ။ အဲဒါကြောင့်
stock recovery ကိုပြန်ပြောင်းထားမှအဆင်ပြေမှာဖြစ်ပါတယ်။ 
အခုဒီနည်းလေးနဲ့ပဲ G610-U00(B121 and B127)ကိုစမ်းကြည့်တာ
အဆင်ပြေပါတယ်..G610 အမျိုးအစားထဲကအခြား build number
တွေမှာရမရတော့  မသိပါ..ပျက်သွားမှာအစိုးရိမ်ရင်တော့ 
စမ်းကြည့်နိုင်ပါတယ်ခင်ဗျာ...အခန့်မသင့်ပါက firmware
တင်မလာခြင်း၊firmware ပြန်တင်မရခြင်းများဖြစ်တတ်ပါတယ်နော်.
ကြိုတင်ပြီးသတိပေးထားတာပါဗျာ...
ကဲ..........စလိုက်ကြရအောင်ဗျာ...... G610-Uoo ကို recovery  
တင်ဖို့အတွက် G610 CWM Recovery နဲ့ Mobileuncletool.apk 
ပြီးတော့ Mobileuncle Tool ၊ အဲဒီ(၃)ခုတို့ကို
 အရင်ဒေါင်းလိုက်ပါနော်...... အောက်ဆုံးက Download Here
ဆိုတဲ့နေရာမှာဒေါင်းလိုက်ပါဗျာ............ဒေါင်းပြီးပြီဆိုရင် 
G610 cwm recovery  ဆိုတဲ့ RAR ကိုဖြည်လိုက်ပါ...အဲဒီထဲက
ထွက်လာတဲ့ recovery.img ဆိုတဲ့ ဖိုင်ကို sd card ထဲကိုကူးထားပါ. ပြီးရင်
နောက်ထပ် mobileuncle tool.apk ကိုဖုန်းထဲကို install လုပ်ပြီး
သွင်းလိုက်ပါ..အဲဒီ Mobileuncle Tool ကိုဖွင့်သုံးပြီး အောက်ကပုံမှာ
ပြထားတဲ့အတိုင်း (ပုံ-၄)  ဆိုတဲ့အဆင့်ထိရောက်အောင်အဆင့်ဆင့်
လုပ်ဆောင်လိုက်ပါဗျာ.....
 (ပုံ-၁)
 (ပုံ-၂)
 (ပုံ-၃)
(ပုံ-၄)
(ပုံ-၄)ထိလုပ်ပြီးပြီဆိုရင် ဖုန်းက reboot 
ကျသွားပြီး cwm recovery သို့ရောက် သွားမှာဖြစ်ပါတယ်...
အဲဒါဆိုရင်တော့ cwm တင်လို့ပြီးပါပြီ......stock recovery
 ပြန်ပြောင်းချင်တယ်ဆိုရင်တော့အပေါ်ကအဆင့်တွေအတိုင်းပြန်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာ.....ကဲအောက်မှာလိုအပ်တာ
တွေအားလုံးဒေါင်းနိုင်ပါတယ်ခင်ဗျာ....
POST BY >>> စစ်ကိုင်းသား
Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ...အဆင်ပြေတယ်..ကျေးဇူးတင်တယ်ဆိုရင် ညာဘက်အခြမ်းနဲ့ အပေါ်ဆုံးမှာထည့်ထားသော ကြော်ငြာများကိုပြန်ခါနီး တစ်ချက်လောက် Click ပေးသွားကြပါလို့...ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေခင်မျာ :) :)

မရှိဘူး လို့  ခံ ယူနေ သမျှတော့ ဘာမှ ရှိလာမှာမဟုတ်ဘူး ....

0 comments :

 

Popular Posts

itknowledge. Powered by Blogger.